News Releases

Chubb သည် ရာနှုန်ူးပြည့်ပိုင်ဆိုင်သည့် အသက်အာမခံကုမ္ပဏီအဖြစ် မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိခဲ့
Apr 9, 2019

နယူးယောက်၊ ဧပြီလ ၈ ရက်၊ ၂၀၁၉

မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနသည် နိုင်ငံအတွင်း၌ (၁၀၀)ရာခိုင်နှုန်း ပိုင်ဆိုင်သည့် အသက်အာမခံကုမ္ပဏီခွဲတစ်ခုကို ဖွဲ့စည်းရန် ကနဦးလိုင်စင်ကိုင်ဆောင်သူ တစ်ဦးအဖြစ် မိမိတို့ကုမ္ပဏီအား ရွေးချယ်လိုက်ကြောင်း Chubbမှ ယနေ့ ထုတ်ပြန်ကြေညာသည်။ Chubb သည် ယှဉ်ပြိုင်စိစစ်ရွေးချယ်သည့် လုပ်ငန်းစဉ်အပြီးနောက် ဤအခွင့်အရေးကို ပေးအပ်ချီးမြှင့်ခြင်းခံရသည့် ကုမ္ပဏီ(၅)ခုအနက် တစ်ခုဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားပိုင်ကုမ္ပဏီများအား အာမခံလုပ်ငန်းနှင့် အခြားငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း များတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ပြုခြင်းသည် အရေးပါသည့် ခြေလှမ်းတစ်လှမ်းအဖြစ် သတ်မှတ်နိုင်သည်။

" မြန်မာနိုင်ငံဟာ လူဦးရေ ၅၄ သန်းကျော်နေထိုင်ပြီး အလားအလာကောင်းတွေ အများကြီးရှိတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရဟာ ကျွန်တော်တို့ကုမ္ပဏီရဲ့ စျေးကွက်အတွင်းကို ဆောင်ကြဉ်းယူဆောင်လာနိုင်တဲ့  လုပ်ကိုင်နိုင်စွမ်းနဲ့အတွေ့အကြုံတွေကို အသိအမှတ်ပြုပြီး နိုင်ငံရဲ့ စီးပွားရေးနဲ့လူမှုရေး အုတ်မြစ်ရဲ့ ခွဲခြားမရနိုင်တဲ့ အသက်အာမခံ လုပ်ငန်းကဏ္ဍကို ခိုင်မာအားကောင်းလာအောင် တည်ဆောက်ရာမှာ ကူညီပေးဖို့ ကျွန်တော်တို့ ကုမ္ပဏီကို ရွေးချယ်ခဲ့တဲ့အတွက် Chubbအနေနဲ့ အများကြီးကျေနပ်ပီတိ ဖြစ်ရပါတယ်” လို့ Chubbရဲ့ (ဥက္ကဋ္ဌ၊အမှုဆောင်အရာရှိချုပ်) Evan G. Greenberg ကပြောကြားခဲ့ပါသည်။ "အသက်အာမခံဆိုတာ ရေရှည်စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ပြီးတော့ Chubbဟာ မြန်မာအစိုးရ၊ မူဝါဒချမှတ်သူများအပါအဝင် ပြည်တွင်းအဖွဲ့အစည်းတွေနဲ့အတူ လက်တွဲကာ အောင်မြင်ပြီး ရေရှည်တည်တံ့တဲ့ အသက်အာမခံလုပ်ငန်းကို တည်ဆောက်သွားဖို့ မျှော်လင့်ထားပါတယ်" လို့လည်းသူက ဆက်လက်ပြောကြားခဲ့ ပါသည်။

မြန်မာနိုင်ငံအား တိုးချဲ့ထည့်သွင်းနိုင်ခြင်းသည် အာရှပစိဖိတ်ဒေသရှိ နိုင်ငံနှင့်နယ်မြေဒေသ (၆)ခု တွင်လုပ်ကိုင်နေသော အသက်အာမခံလုပ်ငန်းများနှင့် စျေးကွက်(၁၃)ခုရှိ အထွေထွေ အာမခံလုပ်ငန်းများ ရှိနှင့်ပြီးဖြစ်သော Chubb၏ ဒေသတွင်း အရေးပါသည့်တည်ရှိမှုကို ပိုမို နက်ရှိုင်းခိုင်မာ စေပါသည်။ ဒေသအတွင်း ရုံးငှာနခွဲပေါင်း(၂၄၀)ကျော် ရှိပြီး ဝန်ထမ်းဦးရေ (၆,ဝဝဝ)နီးပါးနှင့်အတူ အေးဂျင့်(၃၇,ဝဝဝ)ဖြင့် လုပ်ငန်းလည်ပတ်နေပါသည်။ Chubbသည်  တရုတ်နိုင်ငံတွင် ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို တိုးမြှင့်လိုက်ကြောင်း မကြာသေးခင်က ကြေညာခဲ့ကာ Huataiအုပ်စုတွင် အကြီးမားဆုံး တစ်ဦးတည်းပိုင်ဆိုင်သည့် ရှယ်ယာအစုရှင် ဖြစ်လာခဲ့ပြီး ငွေကြေးဝန်ဆောင်မှုဦးပိုင်ကုမ္ပဏီအဖြစ်မှ တရုတ်နိုင်ငံ၏တည်ဆဲဥပဒေ များနှင့်အညီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါဝင်သော ဖက်စပ်လုပ်ငန်းစုကြီးအဖြစ်သို့ ကူးပြောင်း လာခဲ့ပါသည်။ Huataiအုပ်စု၏ အာမခံလုပ်ငန်းစုများတွင် ရုံးခွဲပေါင်း(၆ဝဝ)ကျော်ရှိပြီး အာမခံထားသူ (၁၁)သန်းရှိကာ အေးဂျင့်ပေါင်း(၄၃,ဝဝဝ) ဖြင့်လည်ပတ်နေသော Huatai Life လည်းပါဝင်ပါသည်။

Chubb အကြောင်း

Chubb သည် ကမ္ဘာ့အကြီးဆုံး ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု ဆိုင်ရာ အများပိုင် အာမခံကုမ္ပဏီ (P&C insurance company) တစ်ခု ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကြီးဆုံးသော စီးပွားရေးဆိုင်ရာ­­­လုပ်ငန်း အာမခံလုပ်ငန်း တစ်ခုဖြစ်ပါသည်။ Chubb သည် နိုင်ငံပေါင်း ၅၄နိုင်ငံတွင်လည်း စီးပွားရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအတွက် ပိုင်ဆိုင်မှုနှင့်မတော်တဆထိခိုက်မှု အာမခံ၊ ကိုယ်အင်္ဂါထိခိုက်မှု အာမခံ၊ ထပ်တိုးကျန်းမာရေးအာမခံ၊ တစ်ဆင့်အာမခံ နှင့် အသက်အာမခံ လုပ်ငန်းတို့ကို စီးပွားရေးလုပ်ငန်းအမျိုးမျိုးနှင့် လူတန်းစားမျိုးစုံတို့အတွက် ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် အာမခံလုပ်ငန်း လက်ခံသည့်ကုမ္ပဏီ တစ်ခုအနေဖြင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုအန္တရာယ် များကို မှန်ကန်သောနည်းလမ်းယူဆချက်များ၊ ကျင့်ဝတ်စည်းကမ်းများ အတိုင်း စိစစ်အကဲဖြတ်ပြီးစီမံ ဆောင်ရွက်လျက်ရှိပါသည်။ အာမခံဝယ်ယူသူတို့၏ ရသင့်ရထိုက်သော အာမခံလျော်ကြေးများကို မျှတ၍ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက် ပေးလျက်ရှိပါသည်။ Chubb သည် စုံလင်သော အာမခံအမျိုးအစားများနှင့် ဝန်ဆောင်မှု များပေးခြင်း၊   ကွန်ရက်ကျယ်ပြန့်ခြင်း၊    ဘဏ္ဍာရေးတောင့်တင်းမှုရှိခြင်း၊ ဒေသအလိုက်လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း နှင့် ကမ္ဘာတစ်ဝန်း ဖြန့်ကျက်ထားနိုင်စွမ်းရှိခြင်း စသည့် အရည်အသွေးများသည် Chubb ၏ အမှတ်သင်္ကေတပင်ဖြစ်သည်။ Chubb၏ မိခင်ကုမ္ပဏီဖြစ်သော Chubb Limited သည် နယူးယောက်စတော့ အိတ်စ်ချိန်း (NYSE: CB) တွင် စာရင်းဝင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကြီးဆုံး အများပိုင်ကုမ္ပဏီ (S&P 500) စာရင်းတွင်လည်း ပါဝင်ပါသည်။  Chubb သည် ဇူးရစ်၊ နယူးယောက်၊ လန်ဒန်၊ ပဲရစ်နှင့် ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းအင်အား ၃ဝ,ဝဝဝ ကျော်ဖြင့် စီမံခန့်ခွဲရေး ရုံးဌာနများ ဖွင့်လှစ်ထားရှိပါသည်။ Chubb၏ လုပ်ငန်းဖွဲ့စည်းတည်ဆောက်ပုံ၊ လုပ်ငန်းဆောင်ရွက်ပုံအကြောင်းများနှင့်ပတ်သက်၍ နောက်ဆုံးသတင်းအချက်အလက် များကို www.chubb.com တွင်ကြည့်ရူနိုင်ပါသည်။
 

Media Contacts

Shilpa Freemantle

Head of Marketing & Communications, Chubb Life
+852 2185 0207   
shilpa.freemantle@chubb.com