News Releases

တိုးမြင့်လာသော ဆေးကုသမှုစရိတ်များမှ customers များကို အကာအကွယ်ပေးနိုင်ရန်အတွက် Chubb Life Myanmar မှ အာမခံဝန်ဆောင်မှု (၃) မျိုးဖြင့် စတင်ဝန်ဆောင်မှုပေး
Jun 10, 2020
မြန်မာပြည်သူတွေလည်း ဒီအာမခံဝန်ဆောင်မှုတွေနဲ့ဆိုရင် သူတို့ရဲ့ မိသားစုတွေရဲ့ ငွေကြေးဆိုင်ရာကာကွယ်မှုရှိပြီးသားဖြစ်တဲ့အတွက် မမျှော်လင့်ထားတာတစ်စုံတစ်ခုဖြစ်တဲ့အခါ စိတ်ပူပင်သောကတွေလျော့နည်းနိုင်မှာပါ

၁၀ ဇွန်လ ၂၀၂၀၊ ရန်ကုန်၊ မြန်မာ - Chubb Life Myanmar သည် အာမခံဝန်ဆောင်မှု (၃) မျိုးဖြစ်သော Chubb ကျန်းမာရေးအကာအကွယ်၊ Chubb မတော်တဆ ကိုယ်ခန္ဓာထိခိုက်မှု အကာအကွယ်နှင့် Chubb ပြင်းထန်သော ရောဂါကုသမှု အကာအကွယ် စသည်တို့ကို စတင် ဝန်ဆောင်မှုပေးနေပြီဖြစ်ပါသည်။ အဆိုပါ အာမခံ (၃) မျိုးလုံးကို သက်သာသော အာမခံပရီမီယံကြေးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး နာမကျန်းဖြစ်မှု၊ မတော်တဆဖြစ်မှုနှင့် ဆေးရုံတက်ကုသရမှုတို့ဖြစ်ခဲ့လျှင် မြန်မာပြည်သူတို့၏ ငွေကြေးဆိုင်ရာဝန်ထုပ်ဝန်ပိုးများနှင့် ပူပင်သောကများကို လျှော့ချနိုင်ရန် ဖန်တီးထားခြင်းဖြစ်ပါသည်။

ဘဝတွင် မမျှော်လင့်ထားသော ဖြစ်ရပ်များဖြစ်သည့် မတော်တဆမှုများ၊ ခွဲစိတ်ကုသရမှုများ၊ အပြင်းအထန် နာမကျန်းဖြစ်မှုများနှင့် သေဆုံးခြင်းများဖြစ်ခဲ့သော် ၎င်းတို့ကို မှီခိုနေရသူများတွင် ငွေကြေးပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ များစွာရှိလာနိုင်သည်။ ကျန်းမာရေးနှင့် ဆေးဝါးကုသရမှုစရိတ်များသည်လည်း အချိန်နှင့်အမျှ တိုးမြင့်လာသည်အတွက် မမျှော်လင့်ထားသောဖြစ်ရပ်များဖြစ်ခဲ့လျှင် မိမိမိသားစုနှင့် မိမိချစ်မြတ်နိုးရသူများအတွက် ငွေကြေးပိုင်းဆိုင်ရာ ကာကွယ်မှုရှိရန်မှာ လွန်စွာ အရေးကြီးလှပါသည်။

ထို့ကြောင့် ယင်းတို့ကို ဖြည့်ဆည်းရန်အတွက် Chubb Life Myanmar မှ အာမခံဝန်ဆောင်မှု (၃) မျိုးကို အောက်ပါအကျိုးခံစားခွင့်များနှင့်အတူ မိတ်ဆက်လိုက်ရခြင်းဖြစ်ပါသည်။

 

Chubb ကျန်းမာရေးအကာအကွယ် သည် နာမကျန်းမှုကြောင့် ဆေးရုံတက်ရခြင်း၊ မတော်တဆမှုကြောင့် ဆေးရုံတက်ရခြင်းနှင့် သေဆုံးခြင်းတို့ဖြစ်ခဲ့လျှင် ငွေကြေးဆိုင်ရာအကာအကွယ်အနေဖြင့် ကျပ်သိန်း (၁၀၀) ထိ အကျိုးခံစားခွင့်ရရှိနိုင်မည်ဖြစ်သည်။ အာမခံပရီမီယံကြေးမှာလည်း တစ်နှစ်စာ အနည်းဆုံး ၃၃,၀၀၀ ကျပ်မှစတင်၍ ရွေးချယ်ပေးသွင်းနိုင်ပါသည်။ ထို့အပြင် အပိုအကာအကွယ်များဖြစ်သော ခွဲစိတ်ကုသရမှု၊ ကိုယ်ဝန်ပျက်ကျမှုနှင့် ဆေးရုံ၊ဆေးခန်းပြသရမှုစသည့် အကျိုးခံစားခွင့်များကို ထပ်ဆောင်းအနေဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ ဤအာမခံကို အသက် ၆ နှစ်မှ ၇၅ နှစ်အထိ ဝယ်ယူထားရှိနိုင်ပါသည်။

 

Chubb မတော်တဆ ကိုယ်ခန္ဓာထိခိုက်မှု အကာအကွယ် သည် မတော်တဆကြောင့် ဆေးရုံတင်ကုသရခြင်း၊ မတော်တဆကြောင့် မသန်စွမ်းဖြစ်ခြင်းနှင့် မတော်တဆကြောင့် သေဆုံးခြင်းများအတွက် ငွေကြေးဆိုင်ရာအကာအကွယ်ကို ကျပ်သိန်း (၂၀၀) ထိ အကျိုးခံစားခွင့်ပေးမည်ဖြစ်ပါသည်။ ပရီမီယံကြေးမှာလည်း တစ်နှစ်စာ အနည်းဆုံး ၃၅,၀၀၀ ကျပ်မှစတင်ပြီး ရွေးချယ်ပေးသွင်းနိုင်မည်ဖြစ်ပြီး အသက် ၁၆ နှစ်မှ ၆၅ နှစ်အထိ ဝယ်ယူထားရှိနိုင်ပါသည်။

 

Chubb ပြင်းထန်သော ရောဂါကုသမှု အကာအကွယ် သည် ပြင်းထန်သောရောဂါများဖြစ်သော နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်း၊ အသက်အန္တရာယ်စိုးရိမ်ရသော ကင်ဆာ စသည်တို့ကြောင့် ကုန်ကျသည့် ဆေးကုသစရိတ်များအတွက် အကျိုးခံစားခွင့် ကျပ်သိန်း (၁၀၀) ထိ ရရှိနိုင်မည်ဖြစ်ပါသည်။ ပရီမီယံကြေးမှာလည်း တစ်နှစ်စာ အနည်းဆုံး ၂၆,၄၀၀ ကျပ် မှ စတင်ရွေးချယ်ပေးသွင်းနိုင်မည်ဖြစ်ပြီး အသက် ၆ နှစ်မှ ၆၀ နှစ်အထိ ဝယ်ယူထားရှိနိုင်ပါသည်။

 

Chubb Life Myanmar ၏ Country President ဖြစ်သော Mr. Son Nguyen မှလည်း  ဤ အာမခံဝန်ဆောင်မှု (၃) မျိုးဖြင့် ဝန်ဆောင်မှုပေးနိုင်သည့်အပေါ် “ကျွန်တော်တို့ရဲ့ customers တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် အာမခံဝန်ဆောင်မှုတွေကို ဆက်လက်ဝန်ဆောင်မှုပေးသွားဖို့ အစဉ်ကြိုးစားနေပါတယ်။ အခု ဝန်ဆောင်မှုပေးသွားမယ့် အာမခံတွေကတော့ မတော်တဆထိခိုက်မှုတွေ၊ ဆေးရုံတက်ကုသရမှုတွေကိုသာမကဘဲ မြန်မာနိုင်ငံမှာအဖြစ်များတဲ့ရောဂါတွေဖြစ်တဲ့ နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းနဲ့ ကင်ဆာစတာတွေကိုပါ အကာအကွယ်ပေးသွားမှာပါ။ မြန်မာပြည်သူတွေလည်း ဒီအာမခံဝန်ဆောင်မှုတွေနဲ့ဆိုရင် သူတို့ရဲ့ မိသားစုတွေရဲ့ ငွေကြေးဆိုင်ရာကာကွယ်မှုရှိပြီးသားဖြစ်တဲ့အတွက် မမျှော်လင့်ထားတာတစ်စုံတစ်ခုဖြစ်တဲ့အခါ စိတ်ပူပင်သောကတွေလျော့နည်းနိုင်မှာပါ” ဟု ပြောကြားခဲ့ပါသည်။

 

Chubb ကျန်းမာရေးအကာအကွယ်၊ Chubb မတော်တဆ ကိုယ်ခန္ဓာထိခိုက်မှု အကာအကွယ်နှင့် Chubb ပြင်းထန်သော ရောဂါကုသမှု အကာအကွယ်တို့ကို Chubb အာမခံကိုယ်စားလှယ်များမှတစ်ဆင့် ဝယ်ယူရရှိနိုင်ပါသည်။

 

Chubb အကြောင်း

Chubb သည် ကမ္ဘာ့အကြီးဆုံး ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု ဆိုင်ရာ အများပိုင် အာမခံကုမ္ပဏီ (P&C insurance company) တစ်ခု ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကြီးဆုံးသော စီးပွားရေးဆိုင်ရာအာမခံလုပ်ငန်း တစ်ခုဖြစ်ပါသည်။ Chubb သည် နိုင်ငံနှင့်ဒေသပေါင်း ၅၄ ခုတွင်လည်း စီးပွားရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအတွက် ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု အာမခံ၊ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ ထပ်တိုးကျန်းမာရေးအာမခံ၊ တစ်ဆင့်အာမခံ နှင့် အသက်အာမခံ လုပ်ငန်းတို့ကို စီးပွားရေးလုပ်ငန်း အမျိုးမျိုးနှင့် လူတန်းစားမျိုးစုံတို့အတွက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် အာမခံလုပ်ငန်းကုမ္ပဏီ တစ်ခုအနေဖြင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုအန္တရာယ် များကို မှန်ကန်သောနည်းလမ်းယူဆချက်များ၊ ကျင့်ဝတ်စည်းကမ်းများ အတိုင်း စိစစ်အကဲဖြတ်ပြီးစီမံ ဆောင်ရွက်လျက်ရှိပါသည်။ အာမခံဝယ်ယူသူတို့၏ ရသင့်ရထိုက်သော အာမခံလျော်ကြေးများကိုလည်း မျှတမှန်ကန်မြန်ဆန်စွာ ဆောင်ရွက် ပေးလျက်ရှိပါသည်။ စုံလင်သော အာမခံအမျိုးအစားများနှင့် ဝန်ဆောင်မှု များပေးခြင်း၊ ကွန်ရက်ကျယ်ပြန့်ခြင်း၊ ဘဏ္ဍာရေးတောင့်တင်းခိုင်မာမှုရှိခြင်း၊ ဒေသအလိုက်လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း နှင့် ကမ္ဘာ့တစ်ဝန်း ဖြန့်ကျက်ထားနိုင်စွမ်းရှိခြင်း စသည့် အရည်အသွေးများသည် Chubb ၏ အမှတ်သင်္ကေတပင်ဖြစ်သည်။ Chubb၏ မိခင်ကုမ္ပဏီဖြစ်သော Chubb Limited သည် နယူးယောက်စတော့ခ် အိတ်စ်ချိန်းတွင် စာရင်းဝင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကြီးဆုံး အများပိုင်ကုမ္ပဏီ (S&P 500) စာရင်းတွင်လည်း ပါဝင်ပါသည်။  Chubbသည် ဇူးရစ်၊ နယူးယောက်၊ လန်ဒန်၊ ပဲရစ်နှင့် ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းအင်အား ၃၃,ဝဝဝ ကျော်ဖြင့် စီမံခန့်ခွဲရေး ရုံးဌာနများ ဖွင့်လှစ်ထားရှိပါသည်။

 

Chubb Life အကြောင်း

Chubb Life သည် Chubb ၏ နိုင်ငံတကာအသက်အာမခံလုပ်ငန်းခွဲတစ်ခုဖြစ်သည်။ အာရှတွင် ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ မြန်မာ၊ ထိုင်ဝမ်၊ ထိုင်း၊ ဗီယက်နမ်တွင်လုပ်ငန်းလည်ပတ်လျက်ရှိပြီး တရုတ်ပြည်တွင်လည်း ဖက်စပ်လုပ်ကိုင်လျက်ရှိသည်။ ပိုမိုသိရှိလိုပါက life.chubb.com/mm တွင် ဖတ်ရှုနိုင်သည်။

 

Media Contacts

Shilpa Freemantle
Head of Marketing & Communications, Chubb Life
+852 2185 0207   

Shilpa.freemantle@chubb.com
 

Thant Thiha

Marketing & Communications Manager, Chubb Life Myanmar

+ 959 7952 80908

thant.thiha@chubb.com