News Releases

မြန်မာပြည်သူများအတွက် Chubb Life Myanmar ၏ အသက်အာမခံဝန်ဆောင်မှုများ စတင်
Mar 10, 2020

၁၀ မတ်လ ၂၀၂၀၊ ရန်ကုန်၊ မြန်မာ - Chubb Life Myanmar သည် အသက်အန္တရာယ်အကာအကွယ်နှင့် ငွေစုဆောင်းနိုင်သော ပညာရေးအသက်အာမခံဖြစ်သည့် Chubb အနာဂတ်မဏ္ဍိုင် အသက်အာမခံဖြင့် မြန်မာပြည်သူများကို စတင်ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း ယနေ့ ကြေညာလိုက်သည်။

မျှော်လင့်မထားသောအရာများ ဖြစ်လာသောအခါ ကျန်ရစ်ခဲ့သော မိမိချစ်မြတ်နိုးရသူများသည် ပူဆွေးသောကရောက်ရသည့်အပြင် ငွေကြေးပိုင်းဆိုင်ရာခက်ခဲမှုများလည်း ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသည်။ မိမိ မိသားစုကို ကာကွယ်မှုပေးနိုင်ရန်အတွက် အကောင်းဆုံးနည်းလမ်းများထဲမှတစ်ခုမှာ တစ်စုံတစ်ခုစီစဉ်ထားရန်နှင့် မှန်ကန်သော အာမခံ ထားရှိထားရန်ဖြစ်သည်။

Chubb အနာဂတ်မဏ္ဍိုင် အသက်အာမခံသည် customer များ၏ အနာဂတ်၊ ၎င်းတို့၏ မိသားစုနှင့် သားသမီးများ၏ ပညာရေးကို ကာကွယ်ပေးနိုင်ရန်အတွက် ၎င်းတို့ကို ငွေကြေးစုဆောင်းသည့်အလေ့အထကောင်းများရှိစေရုံသာမက ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုများပြုလုပ်နိုင်ရန်လည်း အထောက်အကူပြုပေးမည်ဖြစ်သည်။

Customer များ၏ လိုအပ်ချက်ပေါ်မူတည်ပြီး ပေးသွင်းရမည့်ပရီမီယံကြေးနှင့် အာမခံသက်တမ်းတို့ကို ရွေးချယ်နိုင်ပြီး ကံမကောင်းအကြောင်းမလှသဖြင့် ထာဝစဉ်လုံးဝမသန်စွမ်း (သို့မဟုတ်) သေဆုံးခြင်းဖြစ်ခဲ့သော် ဤအသက်အာမခံသည် ၎င်းတို့၏ အနာဂတ်၊ မိသားစုနှင့် သားသမီးများ၏ ပညာရေးတို့ကို ငွေကြေးပိုင်းဆိုင်ရာထောက်ပံ့ကူညီပေးနိုင်မည်ဖြစ်သည်။

 

Chubb အနာဂတ်မဏ္ဍိုင် အသက်အာမခံ၏ အချက်အလက်များ

 

ရွေးချယ်စရာ အစီအစဉ် ၂ မျိုးရှိ -

Chubb အနာဂတ်မဏ္ဍိုင် အသက်အာမခံအား မတူညီသော အကျိုးခံစားခွင့် ၂ မျိုးဖြစ်သော နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်ရရှိမည့် အစီအစဉ်နှင့် အခြေခံအကျိုးခံစားခွင့်ရရှိမည့် အစီအစဉ်တို့အနက် မိမိကြိုက်နှစ်သက်ရာ အစီအစဉ်အား ရွေးချယ်ဝယ်ယူနိုင်သည်။ ၎င်းအစီအစဉ်နှစ်မျိုးလုံးမှ ပရီမီယံကင်းလွတ်ခွင့်နှင့် ပညာရေးအကျိုးခံစားခွင့်တို့ကို ရရှိနိုင်မည်ဖြစ်သည်။

ကံမကောင်းအကြောင်းမလှသဖြင့် ထာဝစဉ်မသန်စွမ်း (သို့မဟုတ်) သေဆုံးခြင်းဖြစ်ခဲ့သော် ပရီမီယံကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပြီး ပညာရေးအကျိုးခံစားခွင့်ကိုလည်း ရရှိမည်ဖြစ်သည်။ ပညာရေးအကျိုးခံစားခွင့်ကို ပေါ်လစီပိုင်ရှင် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူသည် အာမခံထားငွေ၏ ၂၀ ရာခိုင်နှုန်းစီကို ပရီမီယံပေးသွင်းရမည့်ကာလပြီးနောက် ၅ နှစ်ဆက်တိုက် နှစ်စဉ်အချိုးကျ ရရှိခံစားရမည်ဖြစ်သည်။

ထပ်ဆောင်းအနေဖြင့် နှစ်ထပ်ကွမ်းအကျိုးခံစားခွင့်ရရှိမည့် အစီအစဉ်ဝယ်ယူသူသည် သေဆုံးခဲ့လျှင်ရရှိနိုင်သော အကျိုးခံစားခွင့်နှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် ရရှိမည့် အကျိုးခံစားခွင့်တို့ကိုလည်း ခံစားရမည်ဖြစ်သည်။ ကံမကောင်းအကြောင်းမလှသဖြင့် ထာဝစဉ်မသန်စွမ်း (သို့မဟုတ်) သေဆုံးခြင်းဖြစ်ခဲ့သော် အာမခံပေါ်လစီပိုင်ရှင် (သို့မဟုတ်) အကျိုးခံစားခွင့်ရှိသူသည် အထက်ဖော်ပြပါ အကျိုးခံစားခွင့်များအပြင် စုစုပေါင်းအာမခံထားငွေကိုပါ သေဆုံးလျှင်ရရှိနိုင်သောအကျိုးခံစားခွင့်နှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့လျှင် ရရှိမည့်အကျိုးခံစားခွင့်အဖြစ် ထပ်ဆောင်း ရရှိမည်ဖြစ်သည်။

 

ရွေးချယ်နိုင်သော သက်တမ်းများရှိခြင်း -

အာမခံသက်တမ်းနှင့် ပရီမီယံကြေးပေးသွင်းရမည့်ကာလတို့ကို အောက်ပါဇယားတွင် ဖော်ပြထားသည့်အတိုင်း ရွေးချယ်ဝယ်ယူနိုင်သည်။ အဓိကအကျိုးကျေးဇူးမှာ ပေးသွင်းရမည့်ပရီမီယံကြေးများကို အာမခံသက်တမ်း၏ အစောပိုင်းနှစ်များတွင် ပေးသွင်းရမည်ဖြစ်ပြီး အာမခံသက်တမ်း၏ နောက်ဆုံး ၄ နှစ်တွင် ပရီမီယံကြေးပေးသွင်းစရာမလိုတော့ဘဲ ပေါ်လစီပိုင်ရှင်နှင့် အကျိုးခံစားခွင့်ရှိသူများကို အကာအကွယ်ဆက်လက်ပေးနိုင်မည်ဖြစ်သည်။

အာမခံသက်တမ်း

ပရီမီယံပေးသွင်းရမည့်ကာလ

၉ နှစ်

၅ နှစ်

၁၁ နှစ်

၇ နှစ်

၁၄ နှစ်

၁၀ နှစ်

 

အာမခံထားငွေ ကျပ်သိန်း ၅၀ မှစ၍ ဝယ်ယူနိုင်-

Customer များသည် Chubb အနာဂတ်မဏ္ဍိုင် အသက်အာမခံကို အနိမ့်ဆုံး အာမခံထားငွေပမာဏ ကျပ်သိန်း ၅၀ မှစတင်၍ ဝယ်ယူနိုင်ပါသည်။ ယင်းပမာဏသည် ဆုံးရှုံးမှုများဖြစ်ခဲ့သော် အသက်အာမခံကုမ္ပဏီမှ ပေးအပ်မည့် ငွေပမာဏဖြစ်သည်။

 

Chubb အကြောင်း

Chubb သည် ကမ္ဘာ့အကြီးဆုံး ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု ဆိုင်ရာ အများပိုင် အာမခံကုမ္ပဏီ (P&C insurance company) တစ်ခု ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကြီးဆုံးသော စီးပွားရေးဆိုင်ရာအာမခံလုပ်ငန်း တစ်ခုဖြစ်ပါသည်။ Chubb သည် နိုင်ငံနှင့်ဒေသပေါင်း ၅၄ ခုတွင်လည်း စီးပွားရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအတွက် ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု အာမခံ၊ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ ထပ်တိုးကျန်းမာရေးအာမခံ၊ တစ်ဆင့်အာမခံ နှင့် အသက်အာမခံ လုပ်ငန်းတို့ကို စီးပွားရေးလုပ်ငန်း အမျိုးမျိုးနှင့် လူတန်းစားမျိုးစုံတို့အတွက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် အာမခံလုပ်ငန်းကုမ္ပဏီ တစ်ခုအနေဖြင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုအန္တရာယ် များကို မှန်ကန်သောနည်းလမ်းယူဆချက်များ၊ ကျင့်ဝတ်စည်းကမ်းများ အတိုင်း စိစစ်အကဲဖြတ်ပြီးစီမံ ဆောင်ရွက်လျက်ရှိပါသည်။ အာမခံဝယ်ယူသူတို့၏ ရသင့်ရထိုက်သော အာမခံလျော်ကြေးများကိုလည်း မျှတမှန်ကန်မြန်ဆန်စွာ ဆောင်ရွက် ပေးလျက်ရှိပါသည်။ စုံလင်သော အာမခံအမျိုးအစားများနှင့် ဝန်ဆောင်မှု များပေးခြင်း၊ ကွန်ရက်ကျယ်ပြန့်ခြင်း၊ ဘဏ္ဍာရေးတောင့်တင်းခိုင်မာမှုရှိခြင်း၊ ဒေသအလိုက်လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း နှင့် ကမ္ဘာ့တစ်ဝန်း ဖြန့်ကျက်ထားနိုင်စွမ်းရှိခြင်း စသည့် အရည်အသွေးများသည် Chubb ၏ အမှတ်သင်္ကေတပင်ဖြစ်သည်။ Chubb၏ မိခင်ကုမ္ပဏီဖြစ်သော Chubb Limited သည် နယူးယောက်စတော့ခ် အိတ်စ်ချိန်းတွင် စာရင်းဝင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကြီးဆုံး အများပိုင်ကုမ္ပဏီ (S&P 500) စာရင်းတွင်လည်း ပါဝင်ပါသည်။  Chubbသည် ဇူးရစ်၊ နယူးယောက်၊ လန်ဒန်၊ ပဲရစ်နှင့် ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းအင်အား ၃ဝဝဝဝ ကျော်ဖြင့် စီမံခန့်ခွဲရေး ရုံးဌာနများ ဖွင့်လှစ်ထားရှိပါသည်။

 

Chubb Life အကြောင်း

Chubb Life သည် Chubb ၏ နိုင်ငံတကာအသက်အာမခံလုပ်ငန်းခွဲတစ်ခုဖြစ်သည်။ အာရှတွင် ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ မြန်မာ၊ ထိုင်ဝမ်၊ ထိုင်း၊ ဗီယက်နမ်တွင်လုပ်ငန်းလည်ပတ်လျက်ရှိပြီး တရုတ်ပြည်တွင်လည်း ဖက်စပ်လုပ်ကိုင်လျက်ရှိသည်။ ပိုမိုသိရှိလိုပါက life.chubb.com/mm တွင် ဖတ်ရှုနိုင်သည်။

 

 

Media Contacts

Shilpa Freemantle

Head of Marketing & Communications, Chubb Life

+852 2185 0207   

shilpa.freemantle@chubb.com

 

Thant Thiha

Marketing & Communications Manager, Chubb Life Myanmar

+ 959 7952 80908

thant.thiha@chubb.com