News Releases

Chubb သည် မြန်မာနိုင်ငံတွင် အသက်အာမခံလုပ်ငန်းများကို စတင်ဆောင်ရွက်ပြီဖြစ်ပြီး လုပ်ငန်းကိုဦးဆောင်ရန် Son Nguyen အား ခန့်အပ်
Nov 28, 2019

၂၈ နိုဝင်ဘာ ၂၀၁၉ ၊ ရန်ကုန်၊ မြန်မာ

မြန်မာနိုင်ငံတွင် Chubb သည် ၎င်း၏ ၁၀၀% ပိုင်ဆိုင်သည့် အသက်အာမခံကုမ္ပဏီခွဲ၏လုပ်ငန်းများကို စတင်ဆောင်ရွက်ရန် ယနေ့ကြေညာသည်။ ၎င်း အသက်အာမခံကုမ္ပဏီခွဲသည် မြန်မာနိုင်ငံရှိပြည်သူများ၏ ကာကွယ်စောင့်ရှောက်မှုနှင့် ငွေကြေးစုဆောင်းမှု လိုအပ်ချက်များကို အထူးတလည် ဖြည့်ဆည်းပေးရန်ရည်ရွယ်သည့် ဝန်ဆောင်မှုအမျိုးမျိုးကို ကမ်းလှမ်း ပေးအပ်မည်ဖြစ်သည်။ Chubb Life သည် ဋ္ဌာနေဥက္ကဋ္ဌအဖြစ် လုပ်ငန်းကိုဦးဆောင်ရန် Son Nguyen အား ခန့်အပ်ခဲ့သည်။

Mr. Nguyen သည် အာရှနှင့် နိုင်ငံတကာဈေးကွက်များတွင် အာမခံ၊ စာရင်းစစ်နှင့် ဘဏ္ဍာရေး လုပ်ငန်းများ၌ ၂၅ နှစ်ကျော် အတွေ့အကြုံရှိပြီးဖြစ်သည်။ များမကြာမီက သူသည် Chubb Life Vietnam အတွက် ဒုတိယ ဋ္ဌာနေဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ Mr. Nguyen သည် Cunqiang Li, Chief Operating Officer, Chubb Life ထံသို့ အစီရင်ခံမည်ဖြစ်သည်။

Chubb သည် မြန်မာနိုင်ငံအတွင်း၌ ရာနှန်းပြည့်ပိုင်ဆိုင်သည့်တစ်ဦးတည်းပိုင် အသက်အာမခံကုမ္ပဏီခွဲကို ထူထောင်လုပ်ကိုင်နိုင်ရန် မြန်မာနိုင်ငံ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန မှ ရွေးချယ်ခဲ့ပြီး၊ ၂၈ နိုဝင်ဘာ ၂၀၁၉ နေ့ရက်တွင် တရားဝင် လုပ်ငန်းလိုင်စင်ရရှိခဲ့သည်။ Chubb Life အာမခံသည် မြန်မာနိုင်ငံရှိ ၎င်း၏ စီးပွားရေးလုပ်ငန်းများအတွက် ရန်ကုန်မြို့တွင် ရုံးချုပ်ဖွင့်လှစ်ထားပြီး၊ လိုအပ်ပါက ရုံးခွဲများကို တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်သည်။

" မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့အသက်အာမခံလုပ်ငန်းကို စတင်ဆောင်ရွက်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာကျေနပ်မိပါတယ်။ မြန်မာနိုင်ငံဟာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အောင်မြင်တဲ့၊ စဉ်ဆက်မပြတ် ရေရှည်တည်တံ့ဖွံ့ဖြိုးတဲ့ အာမခံလုပ်ငန်းကဏ္ဍဟာ တိုင်းပြည်ရဲ့စီးပွားရေးနဲ့ လူမှုရေးအုတ်မြစ်တွေနဲ့ ခွဲခြားမရဘဲ တစ်သားတည်းဖြစ်နေတယ်ဆိုတာကို အသိအမှတ်ပြုပါတယ် " ဟု Russell Bundschuh, Chubb Group ၏ အကြီးတန်းဒုတိယဥက္ကဋ္ဌ နှင့် Chubb Life ၏ ဥက္ကဋ္ဌ က ပြောသည်။ " Son Nguyen ရဲ့အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဦးဆောင်မှုအောက်မှာ Chubb Life ဟာ မြန်မာနိုင်ငံ၏အာမခံလုပ်ငန်းစည်းမျဉ်းများနဲ့အညီ ငွေကြေး စုဆောင်းမှုနဲ့ ကာကွယ်စောင့်ရှောက်မှု ဝန်ဆောင်မှုတွေကို စတင်မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ကျွန်တော် တို့ဟာ မြန်မာနိုင်ငံရဲ့အာမခံလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ကူညီဖို့ စိတ်ပိုင်းဖြတ်ထားပြီး မြန်မာပြည်သူ တွေအနေနဲ့ သူတို့ရဲ မိသားစုနဲ့ စီးပွားရေးလုပ်ငန်းတွေကို တည်ဆောက်ပြီး ကာကွယ်စောင့်ရှောက် နိုင်အောင် ကူညီဖို့အတွက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်း၊ မူဝါဒချမှတ်သူတွေနဲ့ ဒေသခံအဖွဲ့ အစည်းတွေနဲ့ အတူတကွအလုပ်လုပ်ဖို့ မျှော်လင့်ထားပါတယ်။

"မြန်မာနိုင်ငံ၊ မြန်မာပြည်သူများနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးဆောင်ရန် Chubb Life ၏ကတိကဝတ်ပြုမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကုမ္ပဏီသည် ဘဏ္ဍာရေးဆိုင်ရာပညာတတ်မြောက်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အားလုံးပါဝင်မှုရှိရေးကို မြှင့်တင်ရန် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းနှင့် အနီးကပ် အတူတကွအလုပ်လုပ်မည်ဖြစ်သည်။ ကမ္ဘာ့အဆင့်မီ အာမခံကိန်းဂဏန်းဆိုင်ရာနှင့် အာမခံအလုပ်လက်ခံ ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ၊ နည်းပညာနှင့် ဝန်ဆောင်မှုများကို တည်ဆောက်ရာတွင် ကူညီရန် အတွက် Chubb Life သည် အကောင်းဆုံးကျင့်စဉ်ကျင့်ထုံးများကို မျှဝေပေးမည်ဖြစ်သည်။ ကုမ္ပဏီသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ အလုံးစုံစီးပွားရေးဖွံ့ဖြိုးမှုကို ကူညီပံ့ပိုးရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တွန်းအား ပေးရန်၊ အလုပ်အကိုင်များ ပို၍ပေးရန်နှင့် စီးပွားရေးအခွင့်အလမ်းသစ်များကို ဖန်တီးပေးရန်အတွက် စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းနှင့် တက်ကြွစွာတွဲဖက်၍လည်း ဆောင်ရွက်မည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ Chubb Life အကြောင်း နောက်ထပ်သတင်းအချက်အလက်များကို   https:// www.chubb.com/mm-en/ ၌ တွေ့ရှိနိုင်သည်။ သို့မဟုတ် www.facebook.com/ChubbLifeMyanmar ကို Follow လုပ်ခြင်းဖြင့်လည်း တွေ့ရှိနိုင်သည်။
 

Chubb အကြောင်း

Chubb သည် ကမ္ဘာ့အကြီးဆုံး ပိုင်ဆိုင်မှုနှင့် မတော်တဆထိခိုက်မှု ဆိုင်ရာ အများပိုင် အာမခံကုမ္ပဏီ (P&C insurance company) တစ်ခု ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကြီးဆုံးသော စီးပွားရေးဆိုင်ရာ­­­လုပ်ငန်း အာမခံလုပ်ငန်း တစ်ခုဖြစ်ပါသည်။ Chubb သည် နိုင်ငံပေါင်း ၅၄နိုင်ငံတွင်လည်း စီးပွားရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအတွက် ပိုင်ဆိုင်မှုနှင့်မတော်တဆထိခိုက်မှု အာမခံ၊ ကိုယ်အင်္ဂါထိခိုက်မှု အာမခံ၊ ထပ်တိုးကျန်းမာရေးအာမခံ၊ တစ်ဆင့်အာမခံ နှင့် အသက်အာမခံ လုပ်ငန်းတို့ကို စီးပွားရေးလုပ်ငန်းအမျိုးမျိုးနှင့် လူတန်းစားမျိုးစုံတို့အတွက် ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် အာမခံလုပ်ငန်း လက်ခံသည့်ကုမ္ပဏီ တစ်ခုအနေဖြင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုအန္တရာယ် များကို မှန်ကန်သောနည်းလမ်းယူဆချက်များ၊ ကျင့်ဝတ်စည်းကမ်းများ အတိုင်း စိစစ်အကဲဖြတ်ပြီးစီမံ ဆောင်ရွက်လျက်ရှိပါသည်။ အာမခံဝယ်ယူသူတို့၏ ရသင့်ရထိုက်သော အာမခံလျော်ကြေးများကို မျှတ၍ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက် ပေးလျက်ရှိပါသည်။ Chubb သည် စုံလင်သော အာမခံအမျိုးအစားများနှင့် ဝန်ဆောင်မှု များပေးခြင်း၊   ကွန်ရက်ကျယ်ပြန့်ခြင်း၊    ဘဏ္ဍာရေးတောင့်တင်းမှုရှိခြင်း၊ ဒေသအလိုက်လုပ်ငန်း ဆောင်ရွက်နိုင်ခြင်း နှင့် ကမ္ဘာတစ်ဝန်း ဖြန့်ကျက်ထားနိုင်စွမ်းရှိခြင်း စသည့် အရည်အသွေးများသည် Chubb ၏ အမှတ်သင်္ကေတပင်ဖြစ်သည်။ Chubb၏ မိခင်ကုမ္ပဏီဖြစ်သော Chubb Limited သည် နယူးယောက်စတော့ အိတ်စ်ချိန်း (NYSE: CB) တွင် စာရင်းဝင်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကြီးဆုံး အများပိုင်ကုမ္ပဏီ (S&P 500) စာရင်းတွင်လည်း ပါဝင်ပါသည်။  Chubb သည် ဇူးရစ်၊ နယူးယောက်၊ လန်ဒန်၊ ပဲရစ်နှင့် ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်းအင်အား ၃ဝ,ဝဝဝ ကျော်ဖြင့် စီမံခန့်ခွဲရေး ရုံးဌာနများ ဖွင့်လှစ်ထားရှိပါသည်။ Chubb၏ လုပ်ငန်းဖွဲ့စည်းတည်ဆောက်ပုံ၊ လုပ်ငန်းဆောင်ရွက်ပုံအကြောင်းများနှင့်ပတ်သက်၍ နောက်ဆုံးသတင်းအချက်အလက် များကို www.chubb.com တွင်ကြည့်ရူနိုင်ပါသည်။
 

Media Contacts

Shilpa Freemantle

Head of Marketing & Communications, Chubb Life
+852 2185 0207   
shilpa.freemantle@chubb.com